Post tagged as Career

ငြင်းဆန်ခြင်းအနုပညာ


"ကျွန်တော်မပျော်ဘူးဗျာ... အလုပ်မှာ ကျွန်တော့်အလှည့်ကျတော့ ခိုင်းတာတွေ အကုန်လိုက်လုပ်ပေးတယ်။ အကူအညီတောင်းတိုင်းကူညီပေးတယ်။ မနိုင်ရင်တောင် Over time လုပ်ပေးတယ်။ အခုတော့ အဲ့ဒီအရာတွေ အားလုံးက ကျွန်တော့်တာဝန်တွေ ဖြစ်လာတယ်။ ...

"Rat Race" လို့ ခေါ်တဲ့ ကြွက်အပြေးပြိုင် ကစားပွဲ ထဲက လွတ်မြောက်နိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ အချက် (၃) ချက်


လူတစ်ယောက် ရဲ့ ဘဝ မှာ ပျော်ရွှင်မှုဆိုတာ အလွန်အရေးကြီးပါတယ်။ ပျော်ရွှင်ဖို့ အတွက် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ မှန်ပါတယ်။ လူတစ်ယောက် ဘဝ ပျော်ရွှင်ဖို့ ငွေရေးကြေးရေး ကဏ္ဏ ကလဲ တစ်ထောင့်တစ်နေရာ ကနေ ပါဝင်နေပါတယ်။ ဒီတော့ သင်သည် သာမန် လူလတ်တန်းစား ဖြစ်နေခဲ့လျှင် သို့်မဟုတ် ဝန်ထမ်း တစ်ယောက် ဖြစ်နေခဲ့မယ် ဆိုရင် တော့ ဒီစာလေး ကို ၃ မိနစ်လောက် အချိန်ပေးဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ကြွက်အပြေးပြိုင်ပွဲ (Rat Race) ဆိုတာ ဘာလဲ။ ...

အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ နေ့စဉ် ကိုယ်ကိုယ်ကို မေးနေရမယ့်မေးခွန်းများ


ကိုယ်ကိုယ်ကိုပြန်မေးကြည့်ပါဆိုတဲ့စကားကိုကြားဖူးကြပါလိမ့်မယ်။အဲ့လိုမေးခံရပြီဆိုကတည်းက ကိုယ် မှာတစ်ခုခု မှားယွင်းမှုရှိနေပြီဆိုတာကို နားလည်ရမှာပဲဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ကိုယ်ကို ပြန်မေးကြည့် ပါဆိုတဲ့စကားဟာ အောင်မြင်တဲ့သူတွေရဲ့လက်သုံးစကားတစ်ခုလို့ဆိုရမှာ ဖြစ်ပြီးသူတို့ဟာ နေ့စဉ်တိုင်းမှာ ဒီ မေးခွန်းကို မေးလေ့ရှိကြပါတယ်။အဲ့လိုမေးပြီး ပြင်ရမယ့်အချက်တွေရှိခဲ့ရင် တစ်ခုချင်းစီလုပ်ဆောင်ခြင်းနဲ့ အမှား တွေ နည်းသထက်နည်းလာပြီး အောင်မြင်မှုကို ပိုင်ဆိုင်နိုင်တဲ့သူတွေဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ...

အောင်မြင်မှုရရှိလိုသူတွေ လုပ်ဆောင်လေ့ရှိတဲ့ အချက်များ


ဘဝမှာ လုပ်ချင်တဲ့အရာတွေအများကြီးရှိပေမဲ့ လုပ်သင့်တာကိုဦးစားပေးမှသာအဆင်ပြေချောမွေ့တဲ့ ဘဝ တစ်ခုကို ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ လက် ရှိအောင်မြင်မှုရနေတဲ့သူတွေကလည်း သူရဲ့ကြိုးစားခဲ့ရမှု၊လုပ် ဆောင်ခဲ့ရမှု၊ ဖြတ်သန်းခဲ့ရမှုတွေကို လမ်းညွှန်ပြောပြပေးနေတာကြောင့် အောင်မြင် ချင်တဲ့သူတွေအနေနဲ့ ကိုယ်ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ကို နမူနာထားပြီး ကြိုးစားလို့ရပါတယ်။ တစ်ဦးတစ်ယောက်ကို နမူနာထားပြီး ကြိုးစားတဲ့အခါ သူနဲ့ပုံစံတူ ကူးချတာမျိုးမဟုတ်ဘဲ မတူကွဲပြားတဲ့နည်းလမ်းတွေနဲ့ ကိုယ်ပိုင်ကြိုးစားပြီး အောင် မြင်မှုရနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်မှုရရှိလိုတဲ့သူတွေ အများစု လုပ်ဆောင်လေ့ရှိတာ တွေကတော့ ...

ကိုယ့်ရဲ့ ရည်မှန်းချက်ကို ဒီလိုလူတွေကို မမျှဝေပါနဲ့


လူတိုင်းမှာ ရည်မှန်းထားတဲ့ပန်းတိုင်ရှိကြပါတယ်။အဲ့ဒီပန်းတိုင်ကိုရောက်ဖို့အတွက်လည်း ကြိုးစားလေ့ ရှိကြပါတယ်။ အကြောင်းအရာတစ်ခုရှိလာပြီဆိုရင် အကောင်းရှိသလို အဆိုးလည်းရှိတတ်ပါတယ်။ကိုယ်ရည် မှန်းထားတဲ့ပန်းတိုင်ကိုရောက်ဖို့ အကောင်းဆုံးပံပိုးကူညီပေးတဲ့သူရှိသလို မရောက်ရှိအောင်လည်း ဟန့်တားတဲ့ သူတွေရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို မရောက်ရှိအောင် ဟန့်တားမယ့်သူတွေကို တော့ ကိုယ်ရည်မှန်းချက်ကို ပြောမပြတာကောင်းပါတယ်။ ဘယ်လိုလူမျိုးတွေကို ကိုယ်ရဲ့ရည်မှန်းချက်ကို ထုတ်ဖော်မပြောဖို့ သင့်သလဲဆိုတာကတော့ … ...

How to succeed in Job Interview


ဆောင်းပါးမှာ အင်တာဗျုးတစ်ခုရဲ့ သဘောသဘာဝလေးတွေ၊ English နဲ့သွားတဲ့ အင်တာဗျုးမေးခွန်းတွေရဲ့အထာလေးတွေ အကြောင်းကို English ဘာသာစကားရှုထောင့်ကနေ နမူနာအဖြေလေးတွေနဲ့တကွ စာရေးသူ ဥာဏ်မီသလောက်ဆွေးနွေးတင်ပြသွားပါမယ်။ဒါကြောင့် ဒီဆောင်းပါးမှာ အင်တာဗျုး မဖြေခင်နဲ့ ဖြေနေချိန်အတွင်း ပြင်ဆင်ထားရှိရမယ့်  ကိုယ်နှုတ်အမူအယာတွေနဲ့ ပတ်သက်တဲ့ သင့်မသင့်ကိစ္စတွေ ကိုဖော်ပြဖို့ မကြိုးစားတော့ပါ။ တစ်ခုပဲ သတိပေးလိုက်ချင်ပါတယ်။ သူ့ အမေးကို ဖြေနေချိန်မှာ သူ့ အကြည့်ကို ရှောင်လွဲပြီးဖြေနေမိတာမျိုးမဖြစ်ပါစေနဲ့။ ...

ကိုယ်ကိုယ့်ကို ယုံကြည်မှုရှိစွာနဲ့ ကြိုးစားမှု ပြုလုပ်ပါ


ဘဝမှာ ကြိုးစားနေပြီးအောင်မြင်ချင်တဲ့သူတွေအတွက် သူတို့ရဲ့ ယုံကြည်မှုက အကောင်းဆုံးတွန်းအား တစ်ခုပဲဖြစ်ပါတယ်။ယုံကြည်မှုခိုင်မာတဲ့သူတွေဟာ သူတို့ရည်မှန်ထားတဲ့ ပန်းတိုင်ကို တစ်နေ့ရောက်ရှိမှာ ဖြစ်ပြီး အောင်မြင်တဲ့သူတစ်ယောက်အဖြစ်ရပ်တည်နိုင်မှာပဲဖြစ်ပါတယ်။ကိုယ်ယုံကြည်ထားတဲ့အရာကိုဖြစ်နိုင် လောက် တယ်ဆိုပြီး လုပ်ဆောင်ခဲ့မှုကြောင့် ကမ္ဘာ့မှာ အောင်မြင်မှုရနေတဲ့သူတွေ အများကြီးထွက်ပေါ်ခဲ့ပြီလည်း ဖြစ်ပါ တယ်။ ကိုယ်ရဲ့ယုံကြည်မှုကို ကိုယ်တိုင်တစ်ဆင့်ချင်းတည်ဆောက်ခြင်းနဲ့ ခိုင်မာတဲ့ယုံကြည်မှုကို တည်ဆောက် ရမှာပဲ ဖြစ်ပါတယ်။ ခိုင်မာတဲ့ယုံကြည်မှုတစ်ခု တည်ဆောက်နိုင်မယ့်အချက်လေးတွေကတော့ … ...

အင်တာဗျူးဖြေသူတွေကို မေးလေ့ရှိတဲ့ ဂျက်ဘီဇော့စ်ရဲ့ မေးခွန်း ၃ ခု


ပြောင်းလဲမှုတွေအမြဲတမ်းဖြစ်နေတဲ့ လောကကြီးမှာကိုယ်ဟာလည်းပြောင်းလဲမှုတွေကို လိုက်မီနိုင်အောင်ကြိုးစား ရမှာပဲ ဖြစ်ပါတယ်။ပြောင်းလဲမှုအမျိုးမျိုးကို လူတိုင်းဆီ လိုက်လံပြသဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ကိုယ့်အနီးအနားကလူကိုသာ ပြသဖို့အခွင့်အရေးရှိပေမဲ့ အင်တာနက်ကိုအသုံးပြုမယ်ဆိုရင်တော့ အားလုံးကိုပြသနိုင်မှာပဲ ဖြစ်ပါတယ်။လိုအပ်တဲ့အရာ တိုင်းကို အင်တာနက်အသုံးပြုပြီး အလွယ်တကူရှာနိုင်မယ်ဆိုရင်တော့ အသုံးပြုတဲ့သူတွေများလာမှာပဲဖြစ်ပါတယ်။ ဒီစကား ကို ပြောခဲ့တဲ့သူကတော့ လက်ရှိအွန်လိုင်းရောင်းဝယ်မှုအကောင်းဆုံး Amazon.com ကို တည်ထောင်ထားခဲ့တဲ့ ဂျက် ဘီဇော့စ် ကပြောခဲ့တာပဲ ဖြစ်ပါတယ်။ ...

ကိုယ်တိုင်တည်ဆောက်ရမယ့် ဘဝပန်းတိုင်အတွက် အကောင်းဆုံးပြင်ဆင်မှု ကိုယ်တိုင်လုပ်ရမယ်


လူဆိုတာ ကိုယ်နှစ်သက်တဲ့အရာကို လုပ်ဆောင်နေရမယ်ဆိုရင် အခြားအရာတွေကို လုပ်ဆောင်ဖို့ သတိမေ့လျော့နေတတ်ကြပါတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေ ဆိုရင်လည်း ကိုယ်တာဝန် ကို အကောင်းဆုံးကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ ကြိုးစားကြသလို ကိုယ်ရဲ့လက်ရှိအခြေအနေထက် ပိုမိုတိုးတက် အောင်လည်း လုပ်ဆောင်လေ့ရှိတာ တွေ့ရပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်အတွင်း လုပ်ငန်းကျွမ်းကျင်သူနဲ့ မကျွမ်းကျင်သူကြားမှာ နေ့စဉ်အလုပ်လုပ်ကိုင်ကြပေမဲ့ ကွဲပြားတဲ့အချက်တွေ ရှိပါတယ်။ ...

လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်ခြင်း ရေရှည်အတူတကွ လက်တွဲလုပ်ဆောင်နိုင်ရန်


လုပ်ငန်းခွင်ထဲမှာ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူက အခြားသူတွေထက် ပိုမိုတွင်ကျယ်စွာအလုပ် ကို လုပ်ကိုင်နိုင်သလို အသိမိတ်ဆွေလည်း ပိုများပြားပါတယ်။မိတ်ဆွေအပေါင်းအသင်းများတာကြောင့် စကား ပြောဆိုရတာပိုများမှာဖြစ်ပါတယ်။စကားဆိုတာစပြောကတည်းက စပြီးကားတဲ့သဘောရှိတာကြောင့် ကိုယ်ပြော တဲ့ စကားကို ကိုယ်တာဝန်ယူနိုင်ဖို့ အရေးကြီးပါတယ်။ လုပ်ငန်းခွင်ထဲမှာ အပေါင်းအသင်းများတဲ့သူတွေအနေ နဲ့ လုပ်ဖော်ကိုင်ဖက်ခြင်း ရှေရည်တည်တံစွာ အတူလုပ်ကိုင်နိုင်ဖို့ အပြင်းအထန်မဆွေးနွေးသင့်တဲ့ အကြောင်း အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ...
×
ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON