published at :

လူ့သင်ခန်းစာ

✿ လူတွေက သင်ပေးတယ်
ဘယ်သူကိုမှ မယုံကြည်နဲ့တဲ့


✿ ပတ်ဝန်းကျင်က သင်ပေးတယ်
ကိုယ့်အကြောင်းကိုပဲ စိတ်ဝင်စားပါတဲ့


✿ မိဘက သင်ပေးတယ်
မေတ္တာက ‌အေးချမ်းခြင်းအစစ်အမှန်ပါပဲတဲ့


✿ ချစ်သူက သင်ပေးတယ်
ဘယ်အရာကိုမှ သိပ်ပြီးမျှော်လင့်မထားပါနဲ့တဲ့


✿ သူငယ်ချင်းက သင်ပေးတယ်
အစစ်မှန်ဆိုတာ ရှားတယ်တဲ့


✿ အချိန်က သင်ပေးတယ်
ရှိနေတဲ့အချိန်မှာ တန်ဖိုးထားပါတဲ့


✿ ဘ၀က သင်ပေးတယ်
ခက်ခဲမှုတိုင်းက ပန်းတိုင်ပါပဲတဲ့


✿ အောင်မြင်ခြင်းက သင်ပေးတယ်
အခွင့်အရေးဆိုတာ ကိုယ့်အပေါ်မှာပဲမူတည်တာပါတဲ့


✿ အသက်အရွယ်က သင်ပေးတယ်
နုပျိုခြင်းက ‌အားအင်ပါပဲတဲ့


✿ သေဆုံးခြင်းက သင်ပေးတယ်
ဘ၀ကတိုတို‌‌လေးမို့ အရှုံးတွေနဲ့မကုန်ဆုံးပါနဲ့တဲ့


သင်ရော ဘာသင်ခန်းစာတွေ ကြုံတွေ့ခဲ့ရပြီးပြီလဲ

Crd

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON