published at :

ငွေရှာနိုင်တဲ့ သူနဲ့ ငွေမရှာနိုင်တဲ့ သူ ဘာတွေ ကွာခြားလဲ?


ငယ်ရွယ်တဲ့ အချိန်တုန်းက မင်္ဂလာဆောင်ဖို့ ဘာအတွက်ကြောင့် ကိုယ်ပိုင်အိမ်တစ်လုံး၊ ကားတစ်စီး ရှိဖို့ လိုအပ်တာလည်း ဆိုတာကို နားမလည်ခဲ့ဘူး။
လူတစ်ယောက်နဲ့ တစ်ယောက် လက်ထပ်တယ်ဆိုတာ ချစ်ခြင်းမေတ္တာ ရှိနေရုံနဲ့ မလုံလောက်ဘူးလားပေါ့။


အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါမှာတော့

ပိုက်ဆံဟာ ဘဝရဲ့နေရာတိုင်းအတွက် လိုအပ်တဲ့အရာတစ်ခု ဖြစ်တယ်ဆိုတာကို နားလည်လာခဲ့တယ်။


အဝတ်အစားအသစ် ဝယ်ချင်လို့ ကုန်တိုက်တွေကို သွားတဲ့အခါတိုင်း
ဈေးနှုန်းကို တိတ်တဆိတ် အမြဲအရင်ဆုံး ကြည့်ရလေ့ရှိတယ်။


တစ်ခါတစ်လေ တချို့အင်္ကျီတွေဆို
သိပ်ကြိုက်မိသွားပေမယ့် သိပ်သဘောမကျသလို ဟန်ဆောင်ဖြစ်ခဲ့တယ်။
အကြောင်းပြချက်က ရိုးရှင်းပါတယ်
အဲဒီအင်္ကျီတွေရဲ့ ဈေးနှုန်းက ခန့်မှန်းထားတာထက် အရမ်းများနေလို့ပေါ့။


ဒါပေမယ့် အခုတော့ ကိုယ်ကြိုက်တာတွေ့ရင် "ဒါလေး ထုတ်ပေးပါ" လို့ ဝင့်ကြွားစွာပြောနိုင်နေပြီ။

မျက်လုံးတွေမှာလည်း ချေတုံချတုံ ဖြစ်နေတဲ့ အရိပ်အယောင်မျိုးလုံးဝ မရှိတော့ဘူး။
အကြောင်းကတော့ ကိုယ်ဒါကို ဝယ်ဖို့တတ်နိုင်တယ်ဆိုတာ သေချာနေလို့ပါပဲ။


လူတစ်ယောက်ဟာ အရမ်းတွေ ချမ်းသာနေဖို့ ဆိုတာထက်

ငွေလုံလုံလောက်လောက် ရှိဖို့တော့ လိုအပ်ပါတယ်။


 ပိုက်ဆံဟာ အရေးမကြီးဘူးလို့ ဘယ်သောအခါမှ မထင်လိုက်ပါနဲ့။
ဘယ်တော့မှ သစ္စာမဖောက်သွားမယ့် တစ်ခုတည်းသောအရာက

ကိုယ့်ရဲ့ကိုယ်စွမ်း ဉာဏ်စွမ်းနဲ့ ကြိုးစားပြီး ထိုက်ထိုက်တန်တန် ရှာလို့ ရလာတဲ့ ပိုက်ဆံပါပဲ။


ငွေရဖို့အတွက် အလုပ်တွေ ကြိုးစားလုပ်တာဟာ
ပိုက်ဆံမက်တာ မဟုတ်ပါဘူး။


အသက် ၂၀ အရွယ်မှာ
ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ရင်းနှီးမြုပ်နှံဖို့အတွက် ငွေရှိဖို့ လိုပါတယ်။


အသက် ၃၀ အရွယ်မှာ
ကိုယ့်အနားမှာရှိတဲ့ ကိုယ်ချစ်တဲ့ လူတွေကို အကောင်းဆုံး စောင့်ရှောက်နိုင်ဖို့အတွက် ငွေရှိဖို့ လိုပါတယ်။


အသက် ၄၀ အရွယ်မှာ
ကိုယ်လုပ်ချင်တာ ဘာမဆို ယုံကြည်မှုရှိရှိနဲ့ လုပ်နိုင်ဖို့အတွက် ငွေရှိဖို့ လိုပါတယ်။


အသက် ၅၀ အရွယ်မှာ
ကိုယ့်ရဲ့ ဘဝနှောင်းပိုင်း အချိန်တွေမှာ အိုစာတာကောင်းအောင် နေထိုင်သွားနိုင်ဖို့အတွက် ငွေရှိနေဖို့ လိုအပ်ပါတယ်။


ဒါကြောင့် ငွေဟာ ဒုတိယ ဘုရားသခင်လို့တောင် လူတွေက တင်စားကြတာမဟုတ်လား။

ဒါပေမယ့်လဲ ဖြောင့်မှန်တဲ့ နည်းလမ်းတွေနဲ့သာ ငွေကို ရှာဖွေ စုဆောင်းထားနိုင်ဖို့ ကြိုးစားစေလိုပါတယ်။


Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON