published at :

"အလှ"ဆိုတဲ့ အရာကို ကမ္ဘာပေါ်က လူတိုင်းလိုချင်ကြတယ်။ အလှတရားကို လူတိုင်းမြင်ချင်တယ်၊ ခံစားချင်တယ်။ မိမိကိုယ်ကိုလည်း လှအောင်နေထိုင်စားသောက်ကြတယ်။ ရုပ်ဆိုးတဲ့သူကလည်း အလှမက်တယ်။ ရုပ်ချောတဲ့သူလည်း အလှမက်တယ်။ လူငယ်တွေတင်မကဘဲ သက်ကြီးရွယ်အိုလူုကြီးတွေတောင် လှချင်ကြပါတယ်။ ယခုခေတ်က ခေတ်မှီတိုးတက်တဲ့ကမ္ဘာကြီးမှာဆိုတော့ မလှရင်လှအောင်၊မချောရင်ချောအောင် အကုန်လုပ်လို့ရပါတယ်။သို့သော်လည်း လောကကြီးမှာ သင်္ခါရ သေဘာတရားကို မည်သူမှ မလွန်ဆန်နိုင်တဲ့အတွက်ကြောင့် ဘယ်လောက်ဘဲလှအောင်ပြင်ပြင်၊ဘယ်လောက်ဘဲချောအောင်ပြုပြင်ပြုပြင် ကျနော်တို ရုပ်ခန္ဓာကြီးဟာ နောက်ဆုံးတော့ ပျက်စီးကြရပါတယ်။


"အလှတရား"ဆိုတာ(၂)မျိုးရှိပါတယ်။ရုပ်အလှနှင့်စိတ်အလှဆိုတဲ့ အလှ(၂)မျိုးထဲမှာ သင်္ခါရ သေဘာတရားကို လွန်ဆန်နိုင်တဲ့ အလှတရားကေတာ့ ကျနော်တို့ရင်ထဲမှာရှိတဲ့ စိတ်အလှဘဲဖစ်ပါတယ်။


သင်ဘယ်လောက်ဘဲ ရုပ်ဆိုးပါစေ သင့်ရဲ့နှလုံးသားဟာ နူးညံသိမ်မွေ့ပြီး လှပမယ်ဆိုရင်တော့ သင့်ရဲ့မျက်နှာဟာ မြင်ကြရသူအဖို့တော့ အမြဲအေးချမ်းနေပါလိမ့်မယ်။သင်ဘယ်လောက်ဘဲရုပ်ချောပါစေ ရုပ်အလှကိုပိုင်ဆိုင်စေခါမှူ စိတ်အလှမရှိခဲ့ရင်တော့ သင့်ကိုမြင်ကြရတဲ့သူတွေတင်မက သင်ကိုယ်တိုင်လည်းမအေးချမ်းနိုင်ပါဘူး။ စိတ်ထားအလှရှိတဲ့သူဟာ  သူ့ရဲ့နှလုံးသားကိုအလှဆင်ရုံသာမက သူနေထိုင်တဲ့လောကကြီးကိုလည်းအလှဆင်နိုင်တဲ့  စိတ်ထားမြတ်သူတွေဖစ်ပါတယ်။


ကျနော်တို့အားလုံးဟာ ကိုယ်နေထိုင်တဲ့အိမ်ကို အလှဆင်တယ်၊ မိမိရဲ့အသုံးအဆောင်ပစ္စည်းတွေကို အလှဆင်တယ် အစသဖြင့် ရုပ်ဝတ္ထုတွေကို အလှဆင်သလိုဘဲ သင့်ရဲ့ နှလုံးသားကိုအလှဆင်ပါ။နှလုံးသားကိုအလှဆင်တယ်ဆိုတာဟာ  သင့်ရဲ့ရင်ထဲမှာမေတ္တာအလှတွေ၊အကြင်နာတရားတွေ၊ကိုယ်ချင်းစာတရားတွေ၊ယဉ်ကျေးပျူငှါမှူတွေ ရောက်ရှိစေတာဖစ်ပါတယ်။ 


စိန်၊ရွှေ၊ငွေ စသည့်တန်ဖိုးကြီးတဲ့ပစ္စည်းတွေနဲ့ အလှဆင်ခြင်းဟာ တကယ့်အလှတရားအစစ်မဟုပါဘူး။သင်က ရိုးသားသိမ်မွေ့တယ်၊သဘောထားဖြူစင်တယ်၊အမုန်းတရားတွေမရှိဘူးဆိုတဲ့ အလှတရားမှသာ ဘယ်လောက်ဘဲ သင်အသက်ကြီးပါစေ၊ အိုမင်းရင့်ရော် ပါစေ ဘယ်တော့မှပျက်မသွားမယ့် တကယ့်အလှတရားအစစ်ဖြစ်ပါတယ်။


နှလုံးသားကိုအလှဆင်နိုင်ကြသူများဖစ်ကြပါစေ

လောကကြီးကိုအလှဆင်နိုင်သူများဖစ်ကြပါစေနော်

Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON