published at :

လူဖြစ်လာဖို့ဆိုတာ အရမ်းခက်ခဲတတ်သလိုပျောက်ကွယ်သွားဖို့ကလည်း မျက်စိတစ်မှိတ်ပါပဲ။


လူ့ဘဝကို ခဏတာအလည်ရောက်လာတဲ့ ဘဝသက်တမ်းတိုတိုလေးမှာ လူဖြစ်ရတာတန်အောင်

(၁) စိတ်ကောင်းမွေးပါ။
စိတ်ကောင်းရှိဖို့က ပထမဖြစ်သလို စိတ်ကောင်းရှိတဲ့လူတိုင်းက ဘယ်နေရာသွားသွား ဘယ်လိုဝတ်ဝတ် ထင်ပေါ်နေတတ်တာအမှန်ပါ။
စိတ်သည် ဘဝ ဖြစ်သလို စိတ်သည် ရုပ်၏ ပြဒါးပါ။
စိတ်ကောင်းမွေးခြင်းအားဖြင့် မတရားမှုတွေကို ရှောင်ရှားလာပြီးအကြွေးယူတာ နည်းလာပါလိမ့်မယ်။
သူများမျက်ရည်ကို ခြေမဆေးသောကြောင့် ကိုယ့်ဘဝတစ်လျှောက်လုံး ပျော်စရာတွေ ပြည့်နှက်လာပါလိမ့်မယ်။


(၂) ဂုဏ်ပကာသနတွေ ခွာချပါ။
ဂုဏ်ပကာသနဆိုတာ တကယ်တော့ အခွံအကာပါ။

အဖုံးမတတ်ရင် အဲ့ဒီအကာအရံတွေကပဲ ကိုယ့်ကိုပူလောင်စေတာပါ။
လူ့ဘဝဆိုတာ ရိုးရိုးရှင်းရှင်းနေတတ်သွားရင် လွတ်လပ်ခြင်းနှင့်အေးချမ်းတဲ့ဘဝမှာ ပျော်တတ်လာပါလိမ့်မယ်။


(၃) ဒေါသတွေ လျှော့ချပါ။
ဒေါသဆိုတာကိုယ့်ကို လူဖြစ်ရှုံးစေမယ့် အဓိက ရန်သူပါ။
ကိုယ့်စေတနာတွေကို ပြက်ရယ်ပြုခံရလို့ ဒေါသဖြစ်ရတယ်။
ကိုယ်အကောင်းဆုံး ပေးဆပ်နေပါလျက်နဲ့ ကိုယ့်တန်ဖိုးကို တန်ဖိုးမသိလို့ ဒေါသဖြစ်ရတယ်။
ကိုယ်အကောင်းဆုံး ကြိုးစားနေပါလျက်နဲ့ အမြဲတမ်း ကျရှုံးနေလို့ ဒေါသဖြစ်ရတယ်။
ဒါတွေအားလုံးက ကိုယ့်ကိုယ်ကို နှိပ်စက်ပြီး အကြိမ်ကြိမ်ရှုံးနိမ့်အောင် ကိုယ်ကိုယ်တိုင်ပဲ လုပ်ဆောင်နေခြင်းပါ။
ပြဿနာဆိုတာကို ဒေါသနဲ့ဖြေရှင်းမိရင် နှစ်ဖက်စလုံးမှာ အနာတရဖြစ်စေတတ်ပါတယ်။


(၄) လောဘတွေ အနားသပ်ပါ။
လောဘဆိုတာထားသင့်တာထက် ပိုထားမိရင် မတော်လောဘ ဖြစ်လာတတ်ပြီး
ကိုယ့်ကိုသာမက ကိုယ်နဲ့ပတ်သက်နေတဲ့ တန်ဖိုးထားရသူတွေအပေါ် အပူကူးစက်စေတာပါပဲ။
လောကကြီးမှာ တချို့သောအရာတွေက ကိုယ်ကြိုးစားရယူလို့ ရတတ်ပေမယ့်
တချို့သောအရာတွေကတော့ ကိုယ်နဲ့ထိုက်မှ ပိုင်ပြီး တန်လာတာမျိုးပါ။
အကောင်းဆုံးကြိုးစားပြီး ရသလောက်နဲ့ တင်းတိမ်ပျော်ရွှင်အောင် နေတတ်လာခြင်းက လူဖြစ်ရကျိုးနပ်စေပါတယ်။


(၅) သေပြီး နောက်ဘဝအတွက် ပြင်ဆင်ပါ။
လူဆိုတာ မသေခင် လူဖြစ်ရတာတန်အောင်ကြိုးစာရသလို
သေပြီး နောက်ဘဝအတွက်လည်း ကြိုပြင်ဆင်ထားရပါတယ်။
ကောင်းတာတွေလုပ်ခဲ့ရင် ကောင်းကျိုးခံစားရမှာဖြစ်သလို
မကောင်းတာတွေအတွက်လည်း ပြစ်ဒဏ်ခံရမှာပါ။
ကိုယ်လုပ်ခဲ့တာတွေအတွက် ကိုယ်ကိုယ်တိုင်ပဲ ရင်ဆိုင်ခံစားရမှာ အမှန်တရားပါ။

ဒါကြောင့် လူသားတိုင်း လူဖြစ်ရတာတန်ပြီး လူသားကောင်းကျိုးကို ထမ်းဆောင်နိုင်ကြပါစေနော်။


Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON