published at :

ဘဝဆိုတာ တကယ်ပဲ ခက်ခဲတာလား
ဒါမှမဟုတ် ခက်ခဲတယ်လို့ ထင်ရတာလား။

တကယ်တော့ ဘဝဟာ သင်ထင်သလောက်မခက်ခဲပါဘူး။ ဘဝဟာ ရိုးရှင်းလွန်းလှပါတယ်။
ဘဝမှာ တစ်ခါတစ်လေ ပျော်ရမယ်၊ ဝမ်းနည်းရတဲ့အခါလည်းရှိမယ်၊ လွမ်းဆွတ်ရတဲ့အခါလည်းရှိနေမယ်။
တစ်ခါတစ်လေ ကိုယ်ထင်ထားသလို ဖြစ်လာတတ်ပေမယ့်၊ထင်သလို မဖြစ်ရတဲ့ အချိန်တွေလည်း ရှိနေမယ်။

လွယ်ကူချောမွေ့တဲ့အချိန်တွေကို ဖြတ်သန်းရသလို ခက်ခဲတဲ့အချိန်တွေလည်းရှိမယ်။
ကိုယ့်ကို ချစ်တဲ့သူရှိသလို မချစ်တဲ့သူလည်းရှိနေမယ်။ မုန်းတဲ့သူလည်း ရှိနေမှာပေါ့။
ကိုယ့်ကို အထင်သေးတဲ့သူတွေရှိနေသလို အထင်ကြီးတဲ့သူတွေလည်း ရှိနေမှာပါ။

ကိုယ်ဟာ ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်ဟာ လူတစ်ယောက်ပဲဆိုတာ နားလည်ထားပါ။
ကိုယ်ဟာ ဆင်းရဲတဲ့သူလည်း ဖြစ်ချင်ဖြစ်နေမယ်၊ချမ်းသာတဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်။
သင့်ရုပ်က ဆိုးချင်ဆိုးမယ်၊ လှချင်လှမယ်။
ဒါကို လက်ခံထားရင် ဘဝမှာနေလို့ အဆင်ပြေသွားမှာပါ။

ဘဝက ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ။
ဘယ်လောက်ပဲ လဲကျနေပါစေ။
ပြန်ထပါ။ ဆက်သွားပါ။

သင့်ရဲ့ ကျရှုံးမှုက သင်နဲ့ပဲဆိုင်တယ်။
သင့်ဘဝရဲ့ အခက်အခဲကို ရင်ဆိုင်ပါ။

ဝမ်းနည်းစရာ ရှိရင်လည်း ဝမ်းနည်းလိုက်ပါ။
ငိုစရာရှိရင် ငိုလိုက်ပါ။ လွမ်းစရာရှိရင်လည်းလွမ်းပစ်လိုက်ပါ။
ဒီလိုပဲ ပျော်စရာရှိရင်လည်းပျော်လိုက်ပါ။

ပေါ့ပေါ့ပါးပါးနေပါ။ ပေါ့ပျက်ပျက်မနေပါနဲ့။
ရိုးသားစွာနေပါ။ ဒါပေမယ့် ဘယ်လောက်ရိုးသားကြောင်း ၊ ဘယ်လောက်ပျော်ပျော်နေတတ်ကြောင်း
လူတွေသိအောင် လိုက်ပြောနေစရာမလိုပါဘူး။ ပင်ပန်းလွန်းပါတယ်။

ဘယ်သူတွေ ဘယ်လို ထင်နေပါစေ ၊ နေတတ်သလိုသာနေပါ။
ကိုယ်ချစ်တာ ကိုယ်လုပ်ပါ။ ကိုယ်လုပ်နေတဲ့အရာ၊ ကိုယ်လုပ်နေတဲ့ ဝါသနာတွေက
အများအတွက် ဒါမဟုတ် ကိုယ့်ဘဝအတွက် ကောင်းမယ်လို့ထင်ရင် ဆက်သာလုပ်ပါ။

Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON