published at :

            နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလကိုရောက်ရှိလာပြီဖြစ်တာကြောင့် အရေးကြီးတဲ့အချိန်ကိုရောက်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။နောက်ဆုံးလဖြစ်တာကြောင့်ပုံမှန်လအလိုက်လုပ်ဆောင်မှုတွေရယ်၊ နှစ်အလိုက်လုပ်ဆောင် မှုတွေရယ်ကို ပြန်လည်ဆန်းစစ်ရမှာပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ လူအများစုဟာ ပိတ်ရက်ရှည်တွေကိုအသုံး ပြုပြီး တစ်နှစ်တာ ပင်ပန်းခဲ့မှုတွေကို ခဏတာအနားယူတဲ့ပုံစံမျိုးနဲ့ ခရီးထွက်တာမျိုး၊ ပျော်ပွဲရွှင်ပွဲတွေ ဖန်တီး လုပ်ဆောင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ကတော့ ဒီအချိန်ဟာ အရေးကြီး ဆုံးအချိန်လို့ဆိုရမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က သူရဲ့စွမ်းဆောင်မှုလုပ်ကိုင်နိုင်ရည်၊လုပ်ဆောင်နိုင်ခဲ့မှုတွေကို ပြန်လည် ဆန်းစစ်နေကာ လာမယ့်နှစ်မှာ ပိုမိုတိုးတက်မှုရှိအောင် ဘယ်လိုလုပ်ဆောင်မှုတွေလုပ်ဆောင်ရမလဲဆိုတာကို လေ့လာနေလေ့ရှိတာတွေ့ရပါတယ်။

            လူရယ်လို့ဖြစ်လာပြီဆိုရင် တစ်ဦးတစ်ယောက်ထဲနေထိုင်လို့ မရတာကြောင့် မိသားစု၊အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ရှေ့ဆက်ရတာပဲ ဖြစ်ပါတယ်။ဒါကြောင့် ကိုယ်တစ်ယောက်တည်းအဆင်ပြေစွာ လုပ်ဆောင်နိုင်ဖို့ထက် ကိုယ်ပတ်ဝန်းကျင်ကသူတွေနဲ့ပါ အဆင်ပြေစွာ ပြုမှုနေထိုင်နိုင်ဖို့ လုပ်ဆောင်ရမှာပဲဖြစ်ပါ တယ်။တစ်နေ့ထက်တစ်နေ့ အသက်ပိုကြီးလာသလို၊ကုန်ဆုံးသွားတဲ့အချိန်တွေဟာအစားပြန်မရနိုင်တာကြောင့် ဒီလိုအချိန်မျိုးတွေမှာ ပရော်ဖက်ရှင်နယ်တစ်ယောက်ဟာ နှစ်တစ်နှစ်အတွက် အစီအစဉ်တွေကိုရေးဆွဲလေ့ရှိပါ တယ်။ 

            သူတို့အဓိကလုပ်ဆောင်တဲ့အကြောင်းအရာတွေထဲမှာ ပြီးခဲ့တဲ့နှစ် မထင်မှတ်ဘဲ ပြုလုပ်လိုက်မိတဲ့ အကျိုးမဲ့ အကြောင်းအရာတွေ၊ အသုံးစရိတ်တွေဘယ်လောက်အထိရှိလဲဆိုတာကို အရင်အဖြေရှာပြီး တတ်နိုင် သလောက်လျော့ချနိုင်ဖို့လုပ်ဆောင်တာဖြစ်ပါတယ်။ ပြီးရင်တော့လာမယ့်နှစ်မှာ သူတို့ရည်မှန်းချက်အတွက် ဘယ်လိုလုပ်ဆောင်မှုတွေလုပ်ဆောင်ရမလဲဆိုတာကို အစီအစဉ်ရေးဆွဲလေ့ရှိကြပါတယ်။ 

            လုပ်ငန်းခွင်ထဲမှာဆိုရင်လည်း နှစ်တစ်နှစ်ရဲ့နောက်ဆုံးလမှာ ရာထူးအပြောင်းအလဲတွေကို အများဆုံး ပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။တစ်နှစ်အတွင်းလုပ်ဆောင်နိုင်မှု၊တိုးတက်မှုအခြေအနေတွေကိုလေ့လာပြီး ပရော်ဖက်ရှင်နယ်အများစုဟာ နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းနိုင်ဖို့ ကြိုးစားတဲ့အချိန်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ ကုန်ဆုံးသွားတဲ့အချိန်တွေဟာ ဘယ်လိုမှ ပြန်မရနိုင်တော့ဘူးဆိုပေမဲ့ အရှုံးတွေထဲကနေသင်ခန်း စာယူနိုင်မယ်ဆိုရင်ရှေ့ဆက်သွားရမဲ့ခရီးကိုအကောင်းဆုံးအနေအထားတွေနဲ့လျှောက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON