published at :

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းရင် သောက ကြီးတာ သဘာဝပဲ . . .

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းရင် ဆုံးဖြတ်ချက် ချတာ ခက်ခဲနေမှာပဲ . . .


သူများကို မှီခိုတာ များရင် စိတ်ဓာတ်ကျလွယ်တာကို လက်ခံလိုက်တော့ . . .

စိတ်ဓာတ်ကျတဲ့ သူဟာ ကိုယ့်ကိုယ်ကိုယ် အရှုံးသမားလို့ မြင်တယ်

ဒါကြောင့်

စိတ်ဓာတ်ကျရင် ဘဝသေတာနဲ့ အတူတူပဲ . . .


လူတွေက ငါ့ကို အထင်ကြီးနေသလား... အထင်သေးနေသလား အတွေးမများပါနဲ့ 

သူက ငါ့ထက်သာ နေသလား... ငါက သူ့ထက် သာနေသလား မစဉ်းစားပါနဲ့

ကိုယ့်ဘဝ အဓိပ္ပါယ် ရှိအောင်တွေးရင် လုံလောက်ပြီ


စိတ်ချမ်းသာမှုက ရုပ်ချောတာနဲ့ မဆိုင်ဘူး ၊ ကျော်ကြားတာနဲ့ မဆိုင်ဘူး ၊ ရာထူးကြီးတာနဲ့ မဆိုင်ဘူး

ကိုယ့်အခြေအနေကို နားလည်လက်ခံနိုင်ရင်၊ ကိုယ့်အခြေအနေကို ကျေနပ် ရောင့်ရဲနိုင်ရင်၊ သဘောထား မှန်မှန်ထားနိုင်ရင် စိတ်ချမ်းသာမှာပဲ . . .


ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိတဲ့သူက သူများ ဘယ်လို တွေးတွေး ဂရုစိုက် မနေဘူး

ကိုယ့်ကိုယ်ကိုယ် အထင်မသေးတဲ့ သူက သူများ ဝေဖန် ကဲ့ရဲ့သံတွေကို ကြောင့်ကြမနေဘူး

ကိုယ့်ကိုယ်ကိုယ် ကျေနပ်တဲ့သူက ကိုယ့်ဆုံးဖြတ်ချက်ဟာ သူများ ပါစပ်ဖျား မဟုတ်ဘူး


မျှော်လင့်ချက် မထားတဲ့ သူအတွက် လောကကြီးက ဘာမျှော်လင့်ချက်မှ ပေးနိုင်မှာ မဟုတ်ဘူး

ဘဝမှာ အခက်အခဲ ဒုက္ခ တစ်ခုခု ကြုံလာတိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဥာဏ် တစ်ခုခုတိုးတယ် 


ဘဝ အကြောင်းကို တစ်စနဲ့ တစ်စ နားလည်လာတယ်လို့ လက်ခံနိုင်ရင်. .စဉ်းစားနိုင်ရင်. .

ဘာအကြောင်းကြောင့် စိတ်ဓာတ်တွေ ကျနေရဦးမှာလဲ . . .


Credit

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON